Sunday, July 12, 2009

ကဗျာ


သက်တံ တံတား

သိပ်ချစ်တာပဲ ညီမလေးရယ်လို့
အနမ်းတွေနဲ့ ပြောပြဖို့
မင်းရဲ့ ဆံပင်ရှည်တွေ ကြားထဲမှာ
ငါ့ မျက်နှာကို ၀ှက်ထားဖို့
ဂီတနဲ့
ငါတို့နှစ်ယောက်တွဲကဖို့
လရောင်ရွှန်းမြ
ညလေးတစ်ညဆိုတာ
တစ်ကယ်ကို ရောက်လာမှာလား

ကမ္ဘာမြေအတွက် အချစ်သီချင်း
လမင်းကို မြင်ရမလား
ကြယ်စင်ကို တွေ့ရမလား
ချစ်သူနှစ်ယောက်ရဲ့ ပေါင်းသင်းနေထိုင်မှုမှာ
ငါတို့ အစွမ်းကုန် ပွင့်လင်းနိုင်ကြမလား
မအိုခင်
မနာခင်
မသေခင်
ငါတို့ အဆုံးထိ မပျော်ရွှင်ရတော့ဘူးလား

အချစ်ရဲ့ ဧရိယာထဲမှာ
ငါတော့ တစ်လက်မ မှ နောက်မဆုတ်ပေးနိုင်ဘူး
မင်းကို
အပွင့်လေးလိုလည်းချစ်ခဲ့ရ
အသီးလေးလိုလည်းချစ်ခဲ့ရ
အဖူးလေးလိုလည်းချစ်ခဲ့ရ
မိုးအဆုံးမြေအဆုံး
မင်းတစ်ကိုယ်လုံးကို
ငါ့အနမ်းတွေနဲ့ သီကုံးထားချင်ရဲ့

ဟောဒီ 2009 မှာ မင်းကိုငါ ချစ်မိပေါ့

မိုဃ်းဇော်

Friday, July 10, 2009

love


ဘ၀သည် စာအုပ်ဟောင်းတစ်အုပ်ရဲ့ ဒေါင့်စွန်း အနားတွေလို လန်ထွက် ကော့တက်နေရုံမျှမက အနားစွန်းများလည်း လိပ်တက်နေသည်။

ညသည်လည်း အနားစွန်းများ လိပ်တက်ကာနေ၏

ပြတင်းတံခါးကို ဖွင့်လိုက်တော့ လေအေးများ က ညင်သာစွာ ၀င်ရောက်ပြီးသူ့ အရေပြားကို သူ့အရေပြားကို လျှာနဲ့ လျက်ကာ အေးစိမ့်စိမ့် ထိတွေ့မှုကို ပေးသည်။ မွှေးညင်းနုကလေးများ အားလုံးမတ်တတ်ရပ် ကြရသည်။

နည်းနည်းလေး လှုပ်တာနဲ့ တင် ကုတင်ညည်းတွားသံက ပတ္တာကြပ်သံလို တကျွိကျွိထွက်ပေါ်နေသေးသည်။

လေးထပ်တွင်နေသော်လည်း စိတ်ဓါတ်က တစ်ခါတစ်လေ အောက်ဆုံး ရောက်နေသည်။

အစိမ်းရောင်သန်းပြီး ကြွပ်ဆတ်သော ဇီးသီးကို ဂွပ်ကနည်း ကိုက်စားရ တာကို ချစ်သည်။

အချစ်ဆိုတာလည်း တစ်ခါတစ်လေ ဇီးသီး ၀ယ်စားရသလိုပါပဲ ..ကြည့်လိုက်ရည် ချိုမယ့်ပုံ.. တစ်ကြွပ်ကြွပ် ၀ါးရမယ်ထင်ပြီး

တစ်ကယ်တမ်းစားခါမှ အထင်နဲ့ အမြင်လွဲနေတတ်ပါတယ် ..

Thursday, July 2, 2009

sad for Micheal jackson

စိတ်မကောင်းပါ .

ကျွန်တော် .. ရမ်း နှစ်သက် သဘောကျ တဲ့ အဆိုတော် Micheal Jackson

သေဆုံးသွား ခြင်းအတွက် . အရမ်း ၀မ်းနည်း စိတ်မကောင်း ဖြစ်ရပါတယ် ..

ကျွန်တော့် ဘလော့ ကို လာရောက်သူတွေ ထဲကမှ.. မိုက်ကယ့် ပရိတ်သတ်များ ရှိရင်

မိုက်ကယ့် သီချင်းလေးကို နားဆင်နိုင်ပါစေ.

You Are Not Alone ဆိုတဲ့ သီချင်းလေးကို နားဆင်နိုင်ပါစေ.. ဗျာ..

သူ့လိုလူ.. မျိုး . နောက်တစ်ယောက် ဘယ်တော့မှ မရနိုင်တော့ပါဘူး..

စိတ်မကောင်းစွာဖြင့် ..

Friday, June 19, 2009

Funny


ဘီယာသောက်ချင်တယ်

 

ဘီယာဆိုင်ရှေ့ တွင် တန်းအရှည်ကြီး ဖြစ်နေသည်။

အားလုံးကို ဖြတ်ပြီး ဘီယာဝယ်ရန် ယုန်က ကြိုးစားရာ ရှေ့ဆုံးတွင်ရပ်နေသော မြေခွေးက ယုန်၏

နားရွက်ကို ဆွဲပြီးပြောသည်။

...ဟေ့ကောင် .. ဒီလို လူလည်ကျလို့ ရမလားကွ..

... ဟေ့ မြေခွေး.. မင်းမကျေနပ်ရင် ..ထွက်ခဲ့လေ .. လမ်းထောင့်သွားပြီး ရှင်း ရအောင်..

နှစ်ယောက်သား ထွက်သွားကြသည်။

ခဏကြာသော် ယုန်ပြန်ရောက်လာပြီး စောစောကအတိုင်း အားလုံးကို ကျော်ပြီး ဘီယာဝယ်ရန် လုပ်သည်။

တန်းစီနေသော ၀က်ဝံကြီး သည်းမခံနိုင်သည်နှင့် ယုန်၏ နားရွက်ကို ဆွဲမြောက်ပြီး ကြိမ်းသည်။

...ဟေ့ ယုန်စုတ် .. ဒါ..ဘာလုပ်တာလဲ...

...ဟေ့ ၀က်ဝံ ပါးစပ်ပိတ်ထားစမ်း ..မကျေနပ်ဘူးလား .ထွက်ခဲ့ ..လမ်းထောင့်သွားပြီး မင်းနဲ့ငါ ..ရှင်း.. ကြရအောင်

ထွက်သွားကြသည် မိနစ်ပိုင်းအတွင်း ယုန်ပြန်ရောက်လာပြီး တန်းမစီပဲ ဘီယာဝယ်ရန် ကြိုးစားပြန်သည်။ ကျားကယုန်ကို တားပြီးပြောသည်။

... ဟေ့ကောင် မင်းဘာ စည်းကမ်းမဲ့တာလဲ.သူများတွေလိုပဲ ..တန်းစီစမ်း..

.. ဟေ့ကျား..စကားမများနဲ့.. မကျေနပ်ရင် .ထွက်ခဲ့ .. လမ်းထောင့်ကို သွားကြမယ်.

ကျားနဲ့ယုန် လမ်းထောင့်ကို ထွက်သွားကြသည်။ လမ်းထောင့်တွင် ခြင်္သေ့ကြီးကိုတွေ့ ရသည်။

ခြင်္သေ့ ကယုန်ကို ဟိန်းဟောက်သည်။

... ဟေ့ ယုန်..ဘယ်လိုလဲကွ ..တစ်ခါလာလည်းအသား .နှစ်ခါလာလည်းအသား ..ဘယ်မှာလဲ.. မင်းကို

ငါဝယ်ခိုင်းတဲ့ ဘီယာ..

 

မပြောတတ်လျှင်ဆဲသလိုပဲ

 

စကားပြောလျှင် မဆင်မခြင် ပြောတတ်သော အန်တီမြ မင်္ဂလာ ဧည့်ခံပွဲတစ်ခုသို့ ရောက်လာသည်။

ဧည့်ခံခန်းမကြီး တစ်ခုလုံး ပရိတ်သတ်များဖြင့် ပြည့်ကျပ်နေသည်။ မိမိခုံ ဘေးတွင် ထိုင်နေသော လူကြီးကို

အန်တီမြက မေးသည်။

... ဟို လှေကားအနားက စားပွဲမှာ ထိုင်နေတဲ့ ရုပ်ဆိုးဆိုး လူကြီးက ဘယ်သူလဲဟင်..

... ကျွန်တော့် အစ်ကိုပါ ...

အားနာဟန်ဖြင့် အန်တီမြ ရုတ်တရက် အမ်းတမ်းတမ်း ဖြစ်သွားသည်။ ထိုနောက် တောင်းပန်စကား ပြောသည်။

... တောင်းပန်ပါတယ် ရှင်.. ကျွန်မကိုယ်က ညံ့ပါတယ် ..ရှင်တို့နှစ်ယောက် ရုပ်ချင်းအင်မတန် ဆင်ပါတယ်ဆိုတာ ကျွန်မ သတိထားမိဖို့ကောင်းပါတယ်.. ဟင်းဟင်း..

 

မသဘာဝ

 

ထောင်ကျ အမျိုးသမီး နှစ်ယောက်သည် ထောင်ထဲတွင် ၁၀ နှစ်တိတိ တစ်ခန်းတည်း အတူတူ နေခဲ့ကြသည်။ သူတို့နှစ်ဦး တစ်ရက်တည်း အတူလွတ်လာကြသည်။

ထောင်အ၀င်ဝတွင် ၄ှင်းတို့ နှစ်ဦး နောက်ထပ် ၂-နာရီကြာဆက်ပြီး စကားပြောနေကြသေးသည်။

 

 

ခွင့်လွှတ်ပါတယ်

 

ပုရွက်ဆိတ်အသင်း နှင့် ဆင်အသင်းတို့ ဘောလုံးကစားကြသည်။ ဘောလုံးပွဲပြီးသောအခါ ဆင်များက တောင်းပန်စကား ပြောသည်။

... ကျွန်တော်တို့ကို ခွင့်လွှတ်ပါ . ခင်ဗျားတို့ကို ကျွန်တော်တို့ ခြေထောက်တွေနဲ့ တက်နင်းမိခဲ့ကြတယ်ဗျာ ..

... ကိစ္စ မရှိပါဘူး.. ကျွန်တော်တို့ ဘက်ကလည်း ခပ်ကြမ်းကြမ်း ကစားခဲ့ ကြတာကလား...

 

ထောက်ခံစာ

 

ဒေါ်ချစ်စုသည် ၁၉၃၇ ခုနှစ်ကစ ၍ ဆီးကို  မထိန်းနိုင်သော ရောဂါစွဲကပ်ခဲ့သည်။

ထိုအချက် မှန်ကန်ကြောင်း အောက်ထပ်တွင်နေသော လူများက ထောက်ခံကြပါသည်။

 

ကျေးဇူးရှင်

 

အဖေဖြစ်သူ မီးဖိုချောင်တွင် ထိုင်ပြီး အရက်သောက်နေ၏ သမီးဖြစ်သူ ၀င်လာပြီးပြောသည်။

... ဖေဖေ ..ပုလင်းလွတ်တွေ ယူသွားမယ်နော်..ပုလင်းလွတ်တွေ ရောင်းပြီး ဆန်ဝယ်ချင်လို့ ..

... ယူသွား..ယူသွား ..ဟင်း.. ငါသာ မရှိရင် မင်းတို့ ဘာနဲ့.. စားကြမလဲ .မသိဘူး..

လွန်လွန်းပြီ

 

တည်းခိုခန်းသို့ လူတစ်ယောက် ရောက်လာသည်။ တစ်ညမျှ တည်းခိုရန်ဖြစ်သည်။

တည်းခိုခန်း မန်နေဂျာက ဧည့်သည်များ မှတ်ပုံတင် စရင်းစာအုပ်ကို ဖွင့်လိုက်သည်။

ကြမ်းပိုးတစ်ကောင်ကို မြင်ရာ တည်းခိုမည့်သူက မေးသည်။

... ဒါ ဘာလဲ ...

... ကြမ်းပိုး ...

နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး လူငယ်ကပြောသည်။

... တည်းခိုခန်းမှာ ကြမ်းပိုးရှိတာကို ကျွန်တော် ဘာမှ မပြောလိုဘူး ။ ဒါပေမယ့် ခင်ဗျား ..

ကျွန်တော့်ကို ဘယ်အခန်း ပေးမလဲဆိုတာ ဒီကောင်တွေ ထွက်ကြည့်တာတော့ လွန်လွန်းပြီ ထင်တယ်..

 

 

 

 

Monday, June 15, 2009

ပြတ်စများ

 
 တွေးမိတိုင်း.... စိတ်နာတယ်
 မအိပ်ဖြစ်တာ... ညဉ့်အလင်း
 အကြောင်းသိအောင်...ပေါင်းမိတာ..ကာလကြာ..
 
 အမှောင်က..တစိမ့်စိမ့်.ကြွေကျ..
 မတ္တာတရား..ပုခုံးပေါ်ထမ်းလို့ .
 ခြေသံဖွဖွ...၀င်ထွက်သူများက..
 ကွင်းပြည့်..ခမန်း.

 (၀ိဇ္ဇာ ကာတွန်းစာအုပ်ထဲက..ဘုရင့်သမိးတော် စာချွန်လွှာပြန်တာကို.. သဘောကျ လို့ကူးထားတာပါ)

 တစ်ညမှာပေါ့. မိုးသည်းပြီးခါစ. အေးစက်တဲ့.. ညကို.. ပြတင်းကလှမ်း ကြည့်တော့..

အဝေးကနေ. အလင်းတန်းတစ်ခု. သူ့ အခန်းရှိရာ ဦးတည်လာနေတာကို .. တွေ့ လိုက်ရပါတယ် ..

သူ အံ့ သြစွာ ငှေးကြည့်နေတုန်း မှာပဲ.. ကောင်မလေးတစ်ယောက် ရွှေရောင်အတောင်ပံနဲ့..

ပြတင်းပေါက်နားကို.. ပျံသန်းရောက်ရှိလာပါတယ် ..

ညကို.. ရွှေရောင်လွှမ်းခြုံသွားမလား ထင်ရအောင် သူ့ အလင်းက. တောက်ပလွန်းနေပြီး ..

ညကို.. လင်းစေပါတယ်.. ညဟာ.. ချက်ခင်း ရွှေရောင်ညအဖြစ် ပြောင်းလဲသွားသည်။

သူမက.. သူ့  ကို. ဖော်ရွေစွာပဲ . ပြုံးပြသည်.. သူလည်း မှင်သက်မိနေရာမှ.. ဘာကြောင့်မှန်းမသိ ..

ပြန်လည်ပြုံးပြလိုက် .. မိ၏ ..

ဒီလိုနဲ့. ရွှေရောင်ညကို နတ်သမီးနဲ့.. ဖြတ်သန်းခဲ့သည်။


 



Sunday, June 7, 2009

ကျွန်တော် နှင် ဆေးခန်း


 မြစ်ကြီးနားက.အဒေါ်ဖြစ်သူ ရောက်လာပြီး.. သူယောက်ကျား.. ကျနော့ဦးလေးပါ ..အဆစ်ပါလာသည် .. ဆေးစစ်ရန်ရောက် လာခြင်းဖြစ်ပြီး. ဆေးစစ်ရာ.. စမ်းချောင်းရှိ.. Asia Royal ဆေးခန်းသို့ သူပါလိုက်ပါသွားသည် .. ကြီးကျယ်သော.. ဆေးခန်းကြီးဖြစ်သည် .. ထားလိုက်ပါတော့..

အဒေါ်က. နှလုံးစစ်ခြင်းဖြစ်သည်.. အီးစီဂျီရိုက်. ဆီးစစ် ..သွေးစစ် .. ဘာညာ.. သရကာ.. နဲ့ တိုကင်နံပါတ်ယူရတာနှင့်.. ရှုပ်ရှက်ခတ်သွားသည် ... ဆေးရုံဆေး ခန်းရောက်မှပဲ..  လူနာများ.. နပ်စ်မချောချောများအား. တွေ့လိုက်ရသည် ..

သူပြောချင်တာက.. တစ်ခြားမဟုတ်.. ဘာဘာညာညာ.. အားလုံး..အသုံးစရိုတ်.. ငါးသောင်းကျော်. ရှင်းလိုက်ရသည် .. ။ ဒါဘာမှတောင်မဟုတ် သေး.. ဘူး.ဆေးစစ်တာပဲရှိသေးသည် .. နေမကောင်းတစ်ခုခု.. ဖြစ်လို့တော့ မလွယ် ..

စဉ်းစားမိတာက.. အဒေါ်တို့မိသားစုက. ပိုက်ဆံရှိ၏ .. တစ်ခြား မိသားစုတော်တော်များများလည်း ပိုက်ဆံများများစားစားရှိမှသာ ..လာပြနိုင်တာဖြစ်သည် ။ အမေ့ကို သတိရမိသည် . အမေကျန်းမာနေတာကို.. ကျေးဇူးတင်နေမိသည် .. အမေများနေမကောင်းဖြစ်လို့ကတော့ .. သားကြီးဖြစ်တဲ့ သူ ပေးစရာ ပိုက်ဆံ မရှိပါ .

ငါ့အမေအတွက် ..ကုဖို့ .. ငါငွေမရှာပေးနိုင်ခဲ့ရင်. အဲလို ဆိုးဝါးတဲ့အတွေးမျိုး.. စိုးရိမ်တဲ့အတွေးမျိုးတွေ စိတ်ထဲဝင်လာ ပါတယ် ။ တစ်ခါတစ်လေ. အဲလိုအတွေးမျိုး ၀င်လာရင် စိတ်မကောင်းဖြစ်ရသည် ။ ငွေသည် အရာရာတိုင်းနှင့် ပတ်သက်နေသည် ။



.

Friday, June 5, 2009

download

protable software ရယ်. တစ်ခြား ဆောဝဲတွေ ရထားပေမယ့်..  ကွန်နရှင် .  အခက်အခဲကြောင့် ..  upload တင်လို့ မရဘူးဖြစ်နေတယ် ..  စိတ်ညစ်ပါတယ်ဗျာ..  converter တွေအများကြီးထဲမှာမှ. . Format factory ဆိုတဲ့ software က. အရမ်းမိုက်တယ်. ဘာလာလာ.. အေးဆေးပဲ.. သီးချင်းရော. . ပုံရော. . အစုံပဲ. ကြိုက်တာလုပ်လို့ရတယ်.. လိုချင်ရင်တော့ Click here ကိုနှိပ်ပြီး.. သွားလိုက်ပါ .. ဒေါင်းလို့ရတဲ့နေရာ ကို ရောက်သွားမှာပါ ..


Monday, June 1, 2009

:)




တနင်္ဂနွေ


 မိုးရေစက်တွေ. . မျက်နှာကို..လာရောက် ..ရိုက်ခတ်ချိန်မှာ . . မိုးဦးရဲ့. .သာယာကြည်နူးမှုကို... တအံ့အသြခံစား.. နေမိတာကြောင့်. .ကားဟွန်းသံကြားမှ.. အသိဝင်လာ ပါတော့တယ် ..

မနေ့ က... တနင်္ဂနွေနေ့ .. ဆိုတော့...အားလပ်ရက်ပေါ့.. အစ်ကိုနဲ့..နှစ်ယောက်. . ပူပူနွေးနွေး.. .ယောက်ကျား ယူထားသော..သူအစ်မ..ရဲ့ ယောက်ကျား.. ယောက်ဖတော် ..ရှိရာ..ညောင်နှစ်ပင်သို့.. အစ်ကိုနဲ့နှစ်ယောက်.. သွားရောက်ခဲ့ပါတယ်..

ရန်ကင်းကနေ.. စော်ဘွားကြီးကုန်းကို.. သွားသည်.. စော်ဘွားကြီးကုန်းကနေ. . လှည့်ကူးကားကို.. ပြောင်းစီးရသည်.. ထိုကဲ့သို့..တစ်ခါမှ..မသွားဘူးပါ.. မှော်ဘီတောင်..အမည်သာကြားဖူးပြီး.. မရောက်ဖူးသေး.. အခု..စော်ဘွားကြီးကုန်းကနေ. .ပြောင်းစီးရသော.. ကားသည်.. ဟိုင်းလတ်ဖြစ်သည်..

လှည်းတန်းမှာနေတုန်းက.. ဂျက်လေယာဉ်.. လိုမောင်းနေကြသော. ကားများ..အား..အမြင်တွင်. လန့်နေမိသော်လည်း..တစ်ကယ်တမ်း. .နောက်ကတွယ် စီးရသော.. အခါ.. ထွက်နေသော.. ပေါ်ပိုင်းကို.. လေတွေက.. တစ်ဟူးဟူး. .တိုက်သည့်အပြင်.. ပျံနေသလိုပါ. .ဖြစ်နေသောကြောင့်.. ပျော်စရာအတော်ကောင်းကြောင်း . . သိလိုက်ရသည်.. မိုးကလည်းဖွဲဖွဲကျနေတာ. ဆိုတော့..ရှယ်ဖြစ်သွား၏..

လှည်းကူးကားစီးပြီး. . ထောက်ကြန့်အလွန်. အမှတ်သုံးလမ်းဆုံ.သို့  ရောက်သောအခါ.. ဆင်းပြီး..လာကြိုသော.. ရောက်ဖ .. ဆိုင်ကယ်ဖြင့်.. ဘီယာဆိုင် သို့.. သုံးယောက်သား ဒိုး၏ ..အိမ်တွင်ချရန်. .ယောက်ဖက..တစ်ဒေါက်ထပ်ဆွဲခဲ့ပြန်သည်.. သူတော့.. အပြင်းမရပါ. . ဘီယာသာတတ်နိုင်၏

အမှတ်သုံးလမ်းဆုံမှ.. ဆိုင်ကယ်ဖြင့် ..အထဲသို့ ၀င်သောအခါ.. ညောင်နှစ်ပင် ရွာသို့ရောက် ၏ .. ယောက်ဖနေသောနေရာမှာ.. စက်မှုဇုံဟု.သိရသည်။.. ယောက်ဖသည်.. သေးမပေါက်ပဲ. တွန်တတ်သော.. အကောင်များအား .. မွေးရန်ကြိုးစားနေကြောင်းတွေ့ရှိရသည်။

ညနေ..ပြန်တော့.. ယောက်ဖက.. မှော်ဘီအထိ..ဆိုင်ကယ်ဖြင့်.. လိုက်ပို့သောကြောင့်.. မှော်ဘီဆိုတာကြီးအား.. အနည်းငယ်ရောက်ဖူးသွားသည်..နောက်..မှော်ဘီမှ.. ဟိုင်းလတ်ဖြင့်ပင်..ပြန်ခဲ့သည် .. အပြန်တွင်..မိုးလည်းရွာ. .ကားအမိုးထက်ကလည်း..တက်စီးရသဖြင့်.. ပို၍ပင်ပျော်စရာ.. ကောင်းခဲ့ပြန်သည်...

ဒီတစ်ပတ်..တနင်္ဂနွေတော့ .. ခရီးတိုလေး.. သွားလိုက်ရသဖြင့်..ပျော်ရွင်ခဲ့ပါတယ်..



.

Friday, May 22, 2009

ကျွန်တော် နှင့် ယူဆချက် ( သဒ္ဒါစိတ် ).

    
      လူအများ.ဘုရားစာရွတ်ကြသည် .. ဘာလို့ ရွတ်လဲ.. ဆိုတော့ .. အန္တရယ်ကင်းအောင် ရွတ်ကြ သည်တဲ့.. ဘာလို့ အန္တ္တရယ် ကင်း ချင်တာလဲ ဆိုတော့ .. သေမှာကြောက်လို့တဲ့..

      တစ်ချို့  လူတွေကတော့ .ဘုရားစာ ..တရားစာရွတ်တာ. ကုသိုလ် ရအောင်.. ရွတ်တာတဲ့..ငရဲ ကျမှာ စိုးလို့..ဘ၀ကူးကောင်းအောင် ရွတ်ကြတဲ့ ..သဘောရှိပါတယ် ..

      ဒါဆိုရင် .. သေမှာ ကြောက်လို့ အန္တရယ် ကင်းချင်လို့ ဆိုတာတွေက .. ကိုယ့်အတွက် ပဲ မဟုတ်လား.. ကုသိုလ်ရချင်တယ် ဆိုတာရော ..ကိုယ်ဘ၀ ကူးကောင်းဖို့.. ကိုယ့်အတွက်

လုပ်တာပဲ.မဟုတ်ဘူးလား ဒါဆို ..အတ္တတွေ ပါနေတဲ့.. အတွက်ကြောင့်.. ကောင်းမွန်တဲ့  ကုသိုလ်မျိုး သူတို့ရရှိပါ့ မလား..

      လူတွေဟာ. ကိုယ့်အတွက်ပဲ.. ကိုယ်လုပ်ကြတာ များပါတယ်.. သူတပါးအတွက် ..လုပ်ကြတာ နည်းတယ် .. တစ်ကယ်ဆိုရင်.. အခုလို .. ကိုယ့်အတွက်.. ကိုယ်ကောင်းဖို့အတွက်

..လုပ်နေတဲ့..သူတွေဟာ .. ကောင်းမှုကုသိုလ် ရကြလိမ့်မည်ဟု.. ကျွန်တော် မထင်ပါ ..

      အခုလို ရေးနေတဲ့ အတွက် . ဘာသာတရားကို လေ့ လာလိုက်စားသူလို့ မထင်လိုက်ပါနှင့်.. အိပ်ရာ ၀င်တိုင်း ဘုရား မရှိခိုးဖြစ်တာ နှစ်ချည်၍ ကြာမြင့် နေပြီဖြစ်သည် .. ဘုရား ကျောင်းကန်

လည်းသွားတတ် သူမဟုတ်ပါ .. သို့ သော် ..တစ်ခါတစ်လေ.. လူတွေ လုပ်နေတာ တွေ ကြည့်ပြီး စဉ်းစားမိသည့် . အတွေးလေး. ကိုသာ ရေးသာတင်ပြရ ခြင်းဖြစ် သည် ..

      ကျွန်တော့် ကတော့ . ကိုယ့်အတွက် မဟုတ်ပဲ. .. ကိုယ့်ကျိုး ရလိုမှု တစ်စုံတစ်ရာ မပါဘဲ.. သူတပါး ကောင်းစား စေချင်တဲ့.. စေတနာနဲ့ လုပ်တဲ့ အလုပ် လှူတဲ့ အလှူ ..မှ သာလျှင် စစ်မှန်တဲ့...အလှူလို့

သတ်မှတ်ပြီး.. ကောင်းမှုကုသိုလ်ကို..အလိုလျောက် ရရှိနိုင်လိမ့်မယ်လို့..ထင်မြင်မိပါတယ်. .. အဲလို.. ရလိုမှု တစ်စုံတရာ မပါပဲ.လှူတန်းလိုစိတ် ..သဒ္ဒါတရား .ဖြစ်ပါတယ်.. အဲလိုစိတ်မျိုး..အမြဲတမ်း

ဖြစ်ပေါ်ဖို့ မလွယ်ပါဘူး.. .

      လူတိုင်း အတ္တ ကင်းကင်းနဲ့.. ကောင်းမှု ..ကုသိုလ် .ပြုနိုင်ပါစေ..